Android Version အနိမ့်ဖုန်းတွေမှာ မြန်မာယူနီကုတ်ဖောင့် ထည့်နည်းကို ပြောပြပါ့မယ်
ခု ကျတော်က Huawei Y610-U00 Android Version 4.3 နဲ့ စမ်းပြထားပါတယ်

  1.      ပထမဆုံး မိမိဖုန်းကို Root လုပ်ထားရပါမယ်။ 
  2.      Antivirus ကို ပိတ်ထားပေးပါ။
  3.      Root Access ရပြီဆိုရင် ပထမဆုံး အောက်မှာပေးထားတဲ့ Uni Tookitကို ဒေါင်းပြီးဖွင့်  လိုက်ပါ။
  4.      ဖုန်းကို ADB mode ကနေ ကြိုးထိုးပါ။(Usb debugging and Unknown sources ကို အမှန်ခြစ်ပေးထားပါ)
  5.      Android Tabကိုနှိပ်ပြီး ဘေးက Install Unicode Fontကို ထပ်နှိပ်ပါ။
  6.      လိုအပ်လျှင် Backup အရင်လုပ်ပေးပါ။ ပြီးလျှင် Install Fontကို နှိပ်ပေးပါ။
  7.      Commant prompt box တက်လာတဲ့အခါ Padauk နဲ့ Pyidaung su ထဲက Padauk (၁)ကိုနှိပ်ပြီး enter ခေါက်ပါ။ (Pyidaung suနဲ့ စမ်းတာ အဆင်မပြေပါ)
  8.      Reboot ပြန်တက်လာရင် သင့်ဖုန်းမှာ Frozen Keyboard  ထည့်ပြီး ယူနီကုတ်ဖောင့် အဆင်သင့် သုံးလို့ရပါပြီ။